နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၆ ကမ္ဘာ့ဖလားမှာ စောင့်ကြည့်ရမယ့် ဂိုးသမား ၅ ဦး

ပုံမှန်အားဖြင့် ကမ္ဘာ့ဖလား ကျင်းပတဲ့ ၄ နှစ် တစ်ကြိမ်မှာ နာမည်ကျော် တိုက်စစ်မှူးတွေနဲ့ ကွင်းလယ် ဖန်တီးရှင်တွေကသာ သတင်းခေါင်းကြီးပိုင်းမှာ နေရာယူလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း ဂိုးပေါက်ရှေ့မှာ တာဝန်ယူရသူတွေ ကလည်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ကြပါတယ်။ ဘယ်လောက်ပဲ တိုက်စစ်ကောင်းကောင်း၊ ကွင်းလယ်က ဘယ်လောက်ပဲ ထိန်းချုပ်နိုင်ပါစေ၊ ခံစစ်က ဘယ်လောက်ပဲ ကျစ်လျစ် တောင့်တင်းနေပါစေ ထိပ်တန်း ဂိုးသမား တစ်ဦးရဲ့ ကာကွယ်မှု မပါပဲ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့က မဖြစ်နိုင်သလောက်ပါပဲ။ 

ဒါကြောင့် အခုတစ်ခါမှာတော့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အကောင်းဆုံး ဂိုးသမားဆု (ရွှေလက်အိတ်ဆု) ရရှိဖို့ ရေပန်းအစားဆုံး (၅) ဦးကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ 

 

၅။ သီဘောက် ကော့တွာစ် (ဘယ်လ်ဂျီယံ)

ကော့တွာစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ အသင်းကို ဆီမီးဖိုင်နယ်ဆီ ပို့ဆောင်ပေးရင်း ရွှေလက်အိတ်ဆုကို ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ကို ရောက်ရှိအောင် ပံ့ပိုးပေးခဲ့တဲ့ သူ့ရဲ့ တောက်ပတဲ့ လက်စွမ်းတွေကြောင့် မိုက်ကယ် ပရူဒုမ်း ပြီးနောက် သူဟာ ဒုတိယမြောက် ဘယ်လ်ဂျီယံရဲ့ ဂိုးသမားဆုရှင် ဖြစ်လာခဲ့ပါတယ်။ ဘယ်လ်ဂျီယံရဲ့ “ ရွှေရောင်မျိုးဆက်” ဟာ လက်ရှိမှာ အသက်အရွယ်ရလာတာ သို့မဟုတ် အနားယူသွားတာတွေ ရှိနေပြီး ကော့တွာစ်ရဲ့ ရှေ့က ခံစစ်တန်း ကလည်း စိတ်လှုပ်ရှားစရာ မရှိပါဘူး။ ဒါပေမယ့်လည်း သရဲနီတွေဟာ ဒီနှစ် နွေရာသီမှာ အံ့အားသင့်စရာ ရလဒ်တွေ ဖန်တီးနိုင်တဲ့ တိုက်စစ် အင်အားစုကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ဂိုးသမားဟာ အသင်းရဲ့ အထူးခြားဆုံး ကစားသမား ဖြစ်နေပြီး သူ့ရဲ့ ကလပ်နဲ့ နိုင်ငံ အသင်း အတွက် လက်စွမ်းကောင်းတွေကြောင့် ဘယ်လ်ဂျီယံကို ရှုံးထွက်အဆင့်တွေဆီ တစ်ကိုယ်တော် လက်စွမ်းနဲ့ ပို့ဆောင်ပေးနိုင်စွမ်း ရှိသူ ဖြစ်ပါတယ်။

 

၄။ အလီဆွန် ဘက်ကာ (ဘရာဇီးလ်)

အလီဆွန်နဲ့ အီဒါဆန်တို့ အကြား ဘရာဇီးလ် အသင်းရဲ့ နံပါတ် (၁) ဂိုးသမား နေရာ အတွက် ပြင်းထန်တဲ့ တိုက်ပွဲဟာ ကြာရှည်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုတော့ အလီဆွန်က အနိုင်ရသွားပုံပေါ်ပါတယ်။ လစ်ဗာပူးလ် ဂိုးသမားဟာ ဒဏ်ရာကင်းစင်နေမယ် ဆိုရင် ကာလို အန်ဆယ်လော့တီရဲ့ ပွဲထွက် ဂိုးသမား ဖြစ်လာဖို့ သေချာသလောက် ရှိနေပါတယ်။ အကယ်၍ ဘရာဇီးလ်သာ ချန်ပီယံ ဖြစ်ချင်ရင် အလီဆွန် အနေနဲ့ အဓိကအခန်းကဏ္ဍ ကနေ ပါဝင်ဖို့ လိုအပ်မှာပါ။ အဓိက ကတော့ ဘရာဇီးလ်ရဲ့ အားနည်းချက်ဟာ ခံစစ် အစွန်နေရာတွေမှာ ရှိနေတာကြောင့် မာကွင်ညော့စ်၊ ဘရီမာ နှင့် ဂါဘရီရယ် တို့လို နောက်ခံလူတွေေ ရှိနေပေမယ့်လည်း အလီဆွန် တစ်ယောက် အလုပ်ရှုပ်ဖို့ ရှိနေဆဲ ဖြစ်ပါတယ်။

 

၃။ အူနိုင်း ဆီမွန် (စပိန်)

စပိန် အသင်းမှာ ဒီနှစ် နွေရာသီ အတွက် ရွေးချယ်စရာ ဂိုးသမားကောင်း များစွာ ရှိနေပါတယ်။ ဒေးဗစ် ရာယာ၊ ဟွမ် ဂါစီယာ နှင့် အဲလက်စ် ရီမီရို တို့ဟာ ပွဲထွက် ကစားသမား ဖြစ်ထိုက်သူတွေ ဖြစ်ပေမယ့်လည်း နည်းပြ လူးဝစ် ဒီလာဖျူအန်တေးက ဘီလ်ဘာအို ဂိုးသမား အူနိုင်း ဆီမွန် အပေါ် ဆက်လက် ယုံကြည်ထားဆဲ ဖြစ်ပါတယ်။ ဆီမွန်ဟာ ဒီရာသီမှာ ဘီလ်ဘာအို အတွက် အမှားအယွင်း ကင်းစင်နေတယ်လို့ မဆိုနိုင်ပေမယ့်လည်း စပိန် လက်ရွေးစင် အသင်း အတွက်တော့ အမှားအယွင်း အလွန် နည်းပါးသူ ဖြစ်ပါတယ်။ 

 

၂။ မိုက်ခ် မိုက်ဂ်နွန် (ပြင်သစ်)

မိုင်နွန်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းမှာ ဆီမွန်ကို ကျော်ဖြတ်ကာ ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ပြင်သစ် အသင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်စဉ် အတွင်း (၆) ပွဲမှာ (၂) ဂိုးသာ ခွင့်ပြုခဲ့ရသဖြင့် အသင်းရဲ့ အရေးကြီးတဲ့ ကစားသမား ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်စ်ဟာ ဒီ ကမ္ဘာ့ဖလားမှာ ထိပ်တန်း တိုက်စစ် ကြယ်ပွင့်တွေကို နေရာပေးဖို့ အတွက် တိုက်စစ်ကို ပိုမို အားပြုမယ့် ပုံစံကို အသုံးပြုလာနိုင်ဖွယ် ရှိ‌နေပါတယ်။ ဒါကြောင့် မိုက်ဂ်နွန် အနေနဲ့ ဂိုးပေါက်ရှေ့မှာ ပိုမို အလုပ်ရှုပ်လာနိုင်ပါတယ်။ 

 

၁။ အမ်မီလီယာနို မာတီနက်ဇ် (အာဂျင်တီးနား)

ဒီနှစ်မှာ သူနဲ့ ကော့တွာစ် တို့သာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ရွှေလက်အိတ်ဆုကို နှစ်ကြိမ် ရရှိသည့် ပထမဆုံး ဂိုးသမားများ ဖြစ်လာဖို့ အခွင့်အရေး ရှိနေပါတယ်။
ကမ္ဘာ့ဖလား သမိုင်းမှာ ရွှေလက်အိတ်ဆုကို နှစ်ကြိမ် ရရှိသည့် ပထမဆုံး ဂိုးသမားတွေ ဖြစ်လာနိုင်တဲ့ ကော့တွာစ်နဲ့ မာတီနက်ဇ်

အမ်မီ မာတီနက်ဇ်ဟာ ရွှေလက်အိတ်ဆုကို ကာကွယ်နိုင်မယ့် ရေပန်းအစားဆုံးသူ ဖြစ်နေတာက အငြင်းပွားဖွယ်ရာ မရှိပါဘူး။ ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ သူ့ရဲ့ ထူးခြားတဲ့ လက်စွမ်းတွေကြောင့် ရွှေလက်အိတ်ဆုကို မလွဲမသွေ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနှစ်မှာ သူနဲ့ ကော့တွာစ် တို့သာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ရွှေလက်အိတ်ဆုကို နှစ်ကြိမ် ရရှိသည့် ပထမဆုံး ဂိုးသမားများ ဖြစ်လာဖို့ အခွင့်အရေး ရှိနေပါတယ်။ ယာရှင်ဆုကို နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးထားသူ မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း လက်စွမ်း အနည်းငယ် ကျဆင်းခဲ့ပေမယ့်လည်း အာဂျင်တီးနားရဲ့ နံပါတ် (၁) နေရာကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်