နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပြင်သစ် နည်းပြ ရာထူး အတွက် အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ရကြောင်း ဇီဒန်း ဖွင့်ဟ | ကမ္ဘာ့ဖလား

ဇနက်ဒင် ဇီဒန်း ကတော့ သူ့အနေနဲ့ ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ နည်းပြသစ် အဖြစ် တရားဝင် ခန့်အပ်ခံလိုက်ရပြီ ဖြစ်ပါတယ်။ အားလုံး မျှော်လင့်ထားတဲ့ အတိုင်းပဲ ဇီဒန်းဟာ ဒီဒီယာ ဒက်စ်ရွှမ့်စ်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာတာ ဖြစ်ပြီး ၂၀၃၀ ကမ္ဘာ့ဖလား အထိ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။

မနေ့က ပြင်သစ်အသင်းရဲ့ နည်းပြသစ် အဖြစ် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပြီးနောက် ဇီဒန်းက ပြင်သစ် အသင်းကို ကိုင်တွယ်ဖို့ အတွက် တခြား ကလပ် အသင်းတွေက ကမ်းလှမ်းခဲ့တဲ့ ကမ်းလှမ်းမှုများစွာကို ငြင်းပယ်ခဲ့ရတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ပြင်သစ် ဂန္ထဝင်ကစားသမားကြီး ဇီဒန်းဟာ ၂၀၁၆ ကနေ ၂၀၁၈ အထိ ချန်ပီယံလိဂ် ၃ ကြိမ်ဆက် ဗိုလ်စွဲမှု အပါအဝင် အောင်မြင်မှု များစွာ ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ရီးရဲလ်မက်ဒရစ် အသင်းကို ၂၀၂၁ မှာ ဒုတိယအကြိမ် စွန့်ခွာခဲ့ပြီးတည်းက အသင်း လက်မဲ့ ဖြစ်နေခဲ့တာပါ။

ဒက်စ်ရွှမ့်စ်က ပြင်သစ် အသင်းနဲ့ စာချုပ်သစ် ထပ်မံ မချုပ်ဆိုတော့ဘူး ဆိုတာကို ကမ္ဘာ့ဖလား မတိုင်ခင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတုန်း ကတည်းက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဇီဒန်းဟာ သူ့နေရာမှာ အစားထိုးဖို့ ရေပန်းအစားဆုံး ဖြစ်နေခဲ့သလို သူကိုယ်တိုင် ကလည်း ပြင်သစ် လက်ရွေးစင် အသင်းရဲ့ နည်းပြ ရာထူး ကိုပဲ စိတ်ရှည်ရှည် စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ် (FFF) ဥက္ကဋ္ဌ ဖိလစ်ပီး ဒိုင်ယာလို ကလည်း အသက် ၅၄ နှစ် အရွယ် ဇီဒန်းနဲ့ ၂၀၂၅ ဖေဖော်ဝါရီလတုန်းက စတင် တွေ့ဆုံခဲ့စဉ်က “ဥက္ကဋ္ဌကြီး၊ ကျွန်တော် ဘယ်လို အနိုင်ရအောင် လုပ်ရမလဲဆိုတာ ကောင်းကောင်း သိပါတယ်” လို့ ဇီဒန်းက သူ့ကို ပြောခဲ့ဖူးကြောင်း ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

အခုအခါ မှာတော့ ဇီဒန်းဟာ စိန်ခေါ်မှုသစ်တွေ အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ “ဒါဟာ အိပ်မက်တစ်ခုကို ဆက်လက် အကောင်အထည်ဖော်တာပါပဲ။ လွန်ခဲ့တဲ့ ၄ နှစ်၊ ၅ နှစ်အတွင်းမှာ ကလပ် အသင်း တော်တော်များများ ဆီက ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် ပြင်သစ် အမျိုးသား အသင်း အတွက်ပဲ ကြည့်ပြီး အကုန်လုံးကို ငြင်းပယ်ခဲ့တာပါ။ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ပြီး နောက်ပိုင်း ကျွန်တော် တကယ် လုပ်ချင်ခဲ့တဲ့ တစ်ခုတည်းသော အလုပ်ကလည်း ဒါပါပဲ” လို့ မိတ်ဆက်ပွဲမှာ ဇီဒန်းက ပြောသွားခဲ့ပါတယ်။

“ကျွန်တော် အစကနေ တဖြည်းဖြည်း ချီတက်လာခဲ့တာ အခုလို နေရာမျိုး အထိ ရောက်လာခဲ့ပါပြီ။ ဒါကြောင့် အခုလို အသင်းကို ဦးဆောင်ခွင့် ရတဲ့ အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ အသင်း ဆက်လက် အနိုင်ရရှိနေစေဖို့ ကျွန်တော် အစွမ်းကုန် ပေးဆပ်သွားမှာပါ” လို့လည်း သူက ဆိုပါတယ်။

ဒက်စ်ရွှမ့်စ်က ပြင်သစ် အသင်းနဲ့ စာချုပ်သစ် ထပ်မံ မချုပ်ဆိုတော့ဘူး ဆိုတာကို ကမ္ဘာ့ဖလား မတိုင်ခင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတုန်း ကတည်းက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ် နည်းပြ ရာထူး အတွက် ဘယ်လောက်ကြာကြာ စောင့်ဆိုင်းခဲ့ရသလဲ ဆိုတာ ဖွင့်ဟလိုက်တဲ့ ဇီဒန်း

ဒက်စ်ရွှမ့်စ် လက်ထက်မှာ ပြင်သစ် အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ ၂၀၂၁ နေးရှင်းလိဂ် ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့သလို၊ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ယူရို ၂၀၁၆ တွေမှာ ဗိုလ်လုပွဲတွေ အထိ ရောက်ရှိခဲ့ပါတယ်။ ဇီဒန်းဟာ ကစားသမား ဘဝတုန်းက ပြင်သစ် အသင်းနဲ့ အတူ ၁၉၉၈ ကမ္ဘာ့ဖလား (ဗိုလ်လုပွဲမှာ ၂ ဂိုး သွင်းယူပေးခဲ့) နဲ့ ယူရို ၂၀၀၀ ဖလားတို့ကို ဆွတ်ခူးဖူးသူ ဖြစ်ပြီး၊ အခုအခါ နည်းပြ အဖြစ်နဲ့ အသင်း အတွက် ဆုဖလားတွေ ထပ်မံ ယူဆောင်ပေးဖို့ တာဝန်ယူရတော့မှာပါ။

“ဆုဖလားတွေ ဘယ်လိုယူမလဲဆိုတာ ကိုတော့ စကားလုံး အနည်းငယ်နဲ့ ရှင်းပြလို့ မရပါဘူး။ ကျွန်တော့်မှာ အဆင်သင့် ရှိနေမယ့် ခံစစ်၊ အလယ်၊ အရှေ့ ထူးချွန်တဲ့ အသင်း တစ်သင်း ရှိနေပါတယ်။ လက်တွေ့ကျကျ စဉ်းစားပြီး ကစားသမားတွေနဲ့ တွေ့ဆုံရမယ်၊ ကျွန်တော့်ရဲ့ ကစားကွက် နည်းဗျူဟာတွေနဲ့ တို့တွေ အတူတူ ဘာတွေလုပ်ကြမလဲ ဆိုတာကို ရှင်းပြရပါမယ်။ အဲဒီနောက် မှာတော့ အသင်းကို ဆက်လက် အနိုင်ရစေဖို့ လုပ်ဆောင်သွားရမှာက နည်းပြ ဖြစ်တဲ့ ကျွန်တော့် တာဝန်ပါပဲ” လို့ ဇီဒန်းက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ကစားဟန်နဲ့ ပတ်သက်ပြီးတော့လည်း ဇီဒန်းက “ကျွန်တော် တို့ရဲ့ ကစားဟန် ကိုတော့ စက်တင်ဘာမှာ ပြုလုပ်မယ့် သတင်းစာ ရှင်းလင်းပွဲကျရင် တွေ့ရမှာပါ။ ကျွန်တော်က ဂိမ်းကစားဟန် ကိုပဲ ဦးစားပေးတာပါ။ တာဝန်ယူခဲ့ဖူးတဲ့ နံပါတ် ၁၀ နေရာ ကနေ ဂိုးသွင်းရတာကို သဘောကျတယ်။ စပိန်မှာ ၂၅ နှစ်လောက် နေခဲ့တာ ဆိုတော့ ဒါ ဘာကိုဆိုလိုသလဲ ဆိုတာ ခင်ဗျားတို့ သိကြမှာပါ။ ကွင်းထဲမှာတုန်း ကတော့ ကျွန်တော်ဟာ ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့တယ်။ အခုတော့ အတွေ့အကြုံတွေကနေ တစ်ဆင့် ခေါင်းဆောင် တစ်ယောက် ဖြစ်လာတာပါ” လို့ ပြောခဲ့ပါတယ်။

ဇီဒန်းရဲ့ စာချုပ်ဟာ သြဂုတ်လ ၁ ရက်နေ့မှာ တရားဝင် စတင်မှာ ဖြစ်ပြီး ပထမဆုံး ပွဲစဉ် အဖြစ် စက်တင်ဘာ ၂၅ ရက်နေ့ နေးရှင်းလိဂ် ပွဲစဉ်မှာ တူရကီအသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ဒါ့အပြင် စက်တင်ဘာနဲ့ အောက်တိုဘာ အပြည်ပြည်ဆိုင်ရာ ရက်သတ္တပတ်တွေ အတွင်းမှာ အီတလီ အသင်းနဲ့ အိမ်ကွင်း ပွဲစဉ် မတိုင်မီနဲ့ အပြီးမှာ ဘယ်လ်ဂျီယံ အသင်းနဲ့ နှစ်ပွဲဆက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

“ရှေ့မှာ ရင်ဆိုင်ရမယ့် ပွဲစဉ် ၄ ပွဲကို မှတ်သားထားပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ပစ်မှတ် ကတော့ တူရကီနဲ့ ကစားရမယ့် ပွဲပါပဲ။ အီတလီနဲ့ ပွဲကတော့ အထူးသီးသန့်ပါ၊ ဘာလို့လဲ ဆိုတော့ ကျွန်တော် အဲဒီမှာ ကစားခဲ့ဖူးတယ်၊ လူတွေနဲ့ ရင်းနှီးတယ်၊ အီတလီ စကားလည်း ပြောတတ်တယ်။ အခုပွဲစဉ် ၄ ပွဲ အတွက် ကျွန်တော် ပြင်ဆင်နေတာ တော်တော်ကြာပါပြီ” လို့ ဇီဒန်းက အနာဂတ် အစီအစဉ်တွေကို သတင်းစကားပါးသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်