နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ခြေတစ်လှမ်း ထပ်နီးလာတဲ့ မန်ချက်စတာယူနိုက်တက် | ပရီးမီးယားလိဂ်

ညက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ မန်ချက်စတာယူနိုက်တက်က ဘရန့်ဖို့ဒ်ကို အနိုင်ရသွားခဲ့ပါတယ်။ ပထမပိုင်းမှာတင် သွင်းယူခဲ့တဲ့ ကက်စ်မဲရိုးနဲ့ ဘင်ဂျာမင် ဆက်စကို တို့ရဲ့ ဂိုးတွေကြောင့် မန်ချက်စတာယူနိုက်တက်က ဘရန့်ဖို့ဒ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာက အသင်းကို ၁၁ မှတ်အထိ ဖြတ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ပိုမို သေချာလာခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်ဟာ ပထမပိုင်းမှာတင် ဂိုးတွေ သွင်းပြီး အသာစီး ရယူနိုင်ခဲ့ပေမဲ့ ပွဲပြီးခါနီး ၈၇ မိနစ်မှာ ဘရန့်ဖို့ဒ် ကစားသမား မားသီးယပ်စ် ဂျန်ဆင်က ချေပဂိုး တစ်ဂိုး ပြန်သွင်းခဲ့တာကြောင့် ပွဲအပြီး အထိ ရင်ခုန်စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ရပါတယ်။

ပွဲစလို့ ၂ မိနစ်မှာတင် ကိုဘီ မိန်းနူးရဲ့ ဖန်တီးပေးမှု ကနေ အာမက်ဒ် ဒီယာလို အပိုင် ကန်သွင်းခွင့်ရခဲ့ပေမယ့် ဘရန့်ဖို့ဒ် နောက်ခံလူ ဗန်ဒန်ဘက်ဂျ်က ဂိုးစည်းပေါ် ကနေ ရှင်းထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကွင်းလယ်လူ ကက်စ်မဲရိုးက ပွဲကစားချိန် ၁၁ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘော ကနေ ခေါင်းတိုက်ကာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဘရန့်ဖို့ဒ် ဘက်ကလည်း အကောင်းဆုံး တုံ့ပြန်ခဲ့ပြီး တိုက်စစ်မှူး အီဂေါ သီယာဂို အခွင့်အရေး ၃ ကြိမ် ရခဲ့ပေမဲ့ ဂိုးမရခဲ့သလို၊ ယူနိုက်တက် ဂိုးသမား ဆန်နီ လမ်မန်းစ် ကလည်း လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီး ၂ မိနစ် အလို မှာတော့ ဘရူနိုရဲ့ ပေးပို့မှု ကနေ တစ်ဆင့် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စကိုက ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အခုပွဲ မှာလည်း သူဟာ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၉ ကြိမ်မြောက် ဂိုးဖန်တီးမှု ဖြစ်လာခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၉ ကြိမ်မြောက် ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်တဲ့ ဘရူနို ဖာနန်ဒက်စ်

ဒုတိယပိုင်းမှာ ဘရန့်ဖို့ဒ် ဘက်က ဒန်ဂို အော့တာရာရဲ့ ကန်ချက် တိုင်ထိထွက်သွားသလို၊ ဂျန်ဆင်က ၈၇ မိနစ်မှာ ချေပဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာလည်း ဘရန့်ဖို့ဒ်တို့ ချေပဂိုး ရဖို့ အခွင့်အရေး ထပ်ရခဲ့ပေမယ့် ယူနိုက်တက် ဂိုးသမား ဖမ်းယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ အရေးပါတဲ့ နိုင်ပွဲကို ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

မိုက်ကယ် ကာရစ်ခ် လက်ထက်မှာ ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ရဲ့ အဓိက အသက်သွေးကြော ဖြစ်နေဆဲပါ။ အခုပွဲ မှာလည်း သူဟာ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၉ ကြိမ်မြောက် ဂိုးဖန်တီးမှု ဖြစ်လာခဲ့ပါတယ်။

ဘရူနိုဟာ သီယာရီ ဟင်နရီနဲ့ ဒီဘရွန်းနားတို့ ပိုင်ဆိုင်ထားတဲ့ တစ်ရာသီ အတွင်း ဂိုးဖန်တီးမှု အများဆုံး စံချိန် (၂၀ ကြိမ်) ကို လိုက်မီဖို့ ၁ ကြိမ်သာ လိုတော့ပါတယ်။ ဒါ့အပြင် ၂၀၁၂-၁၃ ရာသီက ရော်ဘင် ဗန်ပါစီ (၁၀ ပွဲ ဆက်တိုက်) နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ၇ ပွဲ ဆက်တိုက် ဂိုးသွင်း သို့မဟုတ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်တဲ့ ပထမဆုံး ယူနိုက်တက် ကစားသမား ဖြစ်လာပါတယ်။ ဘရူနိုဟာ အိုးထရက်ဖို့ဒ်ကွင်းမှာ ၈ ပွဲ ဆက်တိုက် ဂိုးပါဝင် ပတ်သက်မှု ပြုလုပ်နိုင်တဲ့ တတိယမြောက် ကစားသမား (ရော်နယ်ဒို၊ ဝိန်း ရွန်းနီတို့နောက်) အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်ဟာ ဂိုးရနိုင်ခြေ (xG) ၁.၂၇ သာ ရှိခဲ့ပေမယ့် အခွင့်အရေးတွေ အသုံးချနိုင်ခဲ့တာကြောင့် ၁.၄၃ အထိ (xG) ရှိခဲ့တဲ့ ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တာပါ။ ဘရန့်ဖို့ဒ် ကတော့ နောက်ဆုံး ၆ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပြီး သူတို့ရဲ့ အဆိုးဆုံး မှတ်တမ်း တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဥရောပ ဝင်ခွင့် တစ်နေရာရဖို့ မျှော်လင့်နေတဲ့ ဘရန့်ဖို့ဒ် အတွက် အဆင့် ၆ နေရာကို တက်လှမ်းနိုင်မယ့် အခွင့်အရေး ကိုလည်း လက်လွှတ်ခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်