နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပပ် ဂွါဒီယိုလာ အနေနဲ့ အီတလီ နည်းပြ ရာထူးကို လက်ခံဖို့ အနီးစပ်ဆုံး အခြေအနေ အထိ ရောက်ခဲ့တယ်လို့ မာလ်ဒီနီ ဖွင့်ဟ | ကမ္ဘာ့ဖလား

ပပ် ဂွါဒီယိုလာ ကတော့ ဒီနွေရာသီမှာ အီတလီ အမျိုးသား အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ ဒီကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ၄ ကြိမ် ချန်ပီယံ တို့ဟာ အသင်းကို ပြန်လည် တည်ဆောက်ဖို့ ကြိုးပမ်းနေရပြီး ထိပ်တန်း နည်းပြတွေကို ခန့်အပ်ဖို့ ရှာဖွေခဲ့ရတာ ဖြစ်ပါတယ်။

ပပ် ဂွါဒီယိုလာဟာ အီတလီ အသင်းရဲ့ နည်းပြသစ် အဖြစ် လက်ခံဖို့ အလွန်ပင် နီးစပ်ခဲ့ကြောင်း ပေါ်လို မာလ်ဒီနီက ဖွင့်ဟ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဂျန်နာရို ဂတ်တူဆို လက်ထက်မှာ အီတလီ အသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် သူ့နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားခဲ့တဲ့ အဓိက နည်းပြတွေထဲမှာ ဂွါဒီယိုလာလည်း ပါဝင်ခဲ့ပါတယ်။ အီတလီဟာ ၂၀၁၄ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလား နောက်ဆုံး အဆင့်ကို တက်ရောက်နိုင်ခြင်း မရှိသေးတာကြောင့် နည်းပြသစ် နေရာ အတွက် နာမည်ကြီး နည်းပြ တစ်ယောက်ကို ခန့်အပ်ဖို့ ကြိုးစားခဲ့တာပါ။

ရော်ဘတ်တို မန်ချီနီကို နည်းပြ အဖြစ် ပြန်လည် မခန့်အပ်မီမှာ ဂွါဒီယိုလာ၊ ဘရာဇီးလ် နည်းပြ ကာလို အန်ဆယ်လော့တီနဲ့ အန်ဒရီယာ ပီယာလို တို့ရဲ့ နာမည်တွေ ရေပန်းစားခဲ့တာ ဖြစ်ပါတယ်။ ပီယာလိုကို နည်းပြ အဖြစ် ကြေညာဖို့ ပြင်ဆင်ခဲ့ပေမယ့် နောက်ဆုံး မိနစ်မှာ အပြောင်းအလဲ ဖြစ်သွားခဲ့တာကြောင့် မာလ်ဒီနီ ဟာလည်း နည်းစနစ် ဒါရိုက်တာ ရာထူးကို ရယူ အပြီး ၁၆ ရက် အကြာမှာပဲ ရာထူး ကနေ နှုတ်ထွက်ခဲ့ပါတယ်။ မာလ်ဒီနီဟာ ဂွါဒီယိုလာ၊ အန်ဆယ်လော့တီ တို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး သူတို့ ငြင်းပယ်ခဲ့ရတဲ့ အကြောင်းရင်းတွေ ကိုလည်း ရှင်းပြခဲ့ပါတယ်။

အီတလီဟာ ၂၀၁၄ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလား နောက်ဆုံး အဆင့်ကို တက်ရောက်နိုင်ခြင်း မရှိသေးတာကြောင့် နည်းပြသစ် နေရာ အတွက် နာမည်ကြီး နည်းပြ တစ်ယောက်ကို ခန့်အပ်ဖို့ ကြိုးစားခဲ့တာပါ။
ဂွါဒီယိုလာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ နီးစပ်ခဲ့သေးတဲ့ အီတလီ ဘောလုံး အဖွဲ့ချုပ်

Corriere Della Sella နဲ့ အင်တာဗျူးမှာ မာလ်ဒီနီက “ဂွါဒီယိုလာဟာ နည်းဗျူဟာနဲ့ တိုက်စစ် ကစားဟန်ကို အကောင်းဆုံး ဖော်ဆောင်နိုင်တဲ့ နည်းပြဖြစ်ပါတယ်။ မိတ်ဆွေ တချို့က တစ်ဆင့် သူဟာ လက်ရွေးစင် အသင်း တစ်သင်းကို ကိုင်တွယ်ချင်တဲ့ ဆန္ဒရှိနေတယ် ဆိုတာ သိရလို့ ဘာစီလိုနာမှာ ရှိတဲ့ သူ့ဆီ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ နေ့လယ်စာ အတူစားရင်း တစ်နေ့လုံး နီးပါး စကားစမြည် ပြောဖြစ်ခဲ့ကြတာပါ။” လို့ ပြောကြားခဲ့ပါတယ်။

“သူ အတော်လေး စိတ်ပါဝင်စားခဲ့ပြီး လက်ခံဖို့လည်း အလွန် နီးစပ်ခဲ့ပါတယ်။ စာရွက်ပေါ်မှာ ပွဲထွက် လူစာရင်းတွေ ကိုတောင် စတင် ရေးဆွဲနေခဲ့တာပါ။ ဒါပေမယ့်လည်း ပင်ပန်း နွမ်းနယ်မှုတွေကြောင့် သဘောမတူခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်မှာ ၁၀ နှစ်ခန့် ပင်ပန်းကြီးစွာ ကိုင်တွယ်ခဲ့ရသလို ကျောပြင် ခွဲစိတ် ကုသမှုလည်း ခံယူထားရတာကြောင့် အနားယူချင်နေတာပါ။ ဒါပေမယ့် ဒါဟာ အင်မတန် အလေးအနက်ထားခဲ့တဲ့ ဆွေးနွေးမှု ဖြစ်ပြီး အသက် ၁၇ နှစ်အောက် အသင်း ကနေ စလို့ အသင်းရဲ့ လူစာရင်းတွေကို အသေးစိတ် လေ့လာခဲ့ကြပါတယ်” လို့ မာလ်ဒီနီက ဆိုပါတယ်။

ဒါ့အပြင် မာလ်ဒီနီက “ကျွန်တော်တို့ အီတလီရဲ့ အကောင်းဆုံး နည်းပြ ဖြစ်သူ မိတ်ဆွေရင်း အန်ဆယ်လော့တီ ကိုလည်း ဆက်သွယ်ခဲ့ပါတယ်။ ဒါပေမယ့် သူက ဘရာဇီးလ် အသင်းက သူ့အပေါ် လုံးဝ ယုံကြည်မှု ဆက်လက်ပေးထားကြောင်း ပြန်လည် ပြောကြားခဲ့ပြီး ကျွန်တော် တို့ကို ဆုတောင်းပေးခဲ့ပါတယ်။ ဒါဟာ လုပ်သင့်တဲ့ ဆက်သွယ်မှုတစ်ခုပါ” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

အီတလီ အသင်းကို ယူရို ၂၀၂၀ ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးခဲ့တဲ့ နည်းပြ ရော်ဘတ်တို မန်ချီနီ ကတော့ စက်တင်ဘာ ၂၅ ရက်မှာ ကစားမယ့် ဘယ်လ်ဂျီယံနဲ့ နေးရှင်းလိဂ် ပွဲစဉ်မှာ အီတလီ အသင်းကို ပြန်လည် ဦးဆောင်သွားတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်