အခုတစ်ခါမှာတော့ တစ်ရက်ထက် တစ်ရက် ပိုမို စိတ်ဝင်စားဖို့ ကောင်းလာတဲ့ ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။
ပီအက်စ်ဂျီ တောင်ပံ ကစားသမား ဘရက်ဒ်လေ ဘာကိုလာ အတွက် လစ်ဗာပူးလ် အသင်းရဲ့ ပေါင် သန်း ၉၀ / ယူရို ၁၀၅ သန်း နဲ့ ကမ်းလှမ်းမှုကို ပီအက်စ်ဂျီ ဘက်က ချက်ချင်း ငြင်းပယ်လိုက်ပါတယ်။ ပီအက်စ်ဂျီက ပေါင် ၁၂၈.၆ သန်း / ယူရို ၁၅၀ သန်း အထိ လိုချင်နေပြီး ပရီးမီးယားလိဂ် ကလပ် ဘက်ကတော့ ပေါင် ၁၀၂.၉ သန်း / ယူရို ၁၂၀ သန်းထက် ဈေးပိုမပေးချင်ပါဘူး။ ဒါပေမယ့် စက်တင်ဘာ ၁ ရက် အပြောင်းအရွှေ့ မပိတ်မီ နှစ်ဦး နှစ်ဖက် သဘောတူညီမှု ရရှိသွားလိမ့်မယ်လို့ ယုံကြည်မှုတွေ ရှိနေကြောင်း L’Équipe က ဖော်ပြပါတယ်။
ရီးရဲလ်မက်ဒရစ် တောင်ပံ တိုက်စစ် ကစားသမား ဗင်နီးစီးယက်စ် ဂျူနီယာဟာ မြောက်လန်ဒန် ကလပ် အာဆင်နယ်ဆီ ပြောင်းရွှေ့လာတော့မယ်လို့ အာဆင်နယ် အဝတ်လဲခန်းထဲမှာ ယုံကြည်မှုတွေ လွှမ်းမိုးနေပါတယ်။ အာဆင်နယ် အားကစားဒါရိုက်တာ အန်ဒရီယာ ဘာတာက အာဆင်နယ် အသင်းဆီ ရောက်ရှိလာဖို့ သတင်းကောင်း ပေးခဲ့ပြီးနောက်ပိုင်း အခုလို ယုံကြည်နေကြတာ ဖြစ်ကြောင်း Diario AS သတင်းက ဖော်ပြထားပါတယ်။
တခြား တစ်ဖက်မှာလည်း ရီးရဲလ်မက်ဒရစ်ဟာ ဗင်နီးစီးယက်စ်ကို စာချုပ်သစ် အတွက် နောက်ဆုံး ကမ်းလှမ်းမှု အဖြစ် တစ်နှစ်ကို စာချုပ်ကြေး ပေါင် ၂၀.၆ သန်း / ယူရို ၂၄ သန်း အထိပဲ အသေပေးထားပြီး၊ ဒီပမာဏဟာ ထပ်ဆောင်းဆုကြေးတွေ အားလုံးပေါင်းလိုက်ရင်တောင် အမ်ဘာပေးရဲ့ တစ်နှစ် ပေါင် ၂၅.၇ သန်း / ယူရို သန်း ၃၀ လစာကို အမီမလိုက်နိုင်ပါဘူး။
ဒီလို မရေမရာ ဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး အာဆင်နယ်က ယူရို သန်း ၁၀၀ အာမခံကြေး အပါအဝင် စုစုပေါင်း ယူရို ၁၂၀ သန်း တန်ကြေးနဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ရီးရဲလ်ဘက်က ဗင်နီးစီးယက်စ်ကို လက်လွှတ်ဖို့ စဉ်းစားချင်တယ် ဆိုရင် အာဆင်နယ် အနေနဲ့ ကမ်းလှမ်းကြေးကို ပေါင် ၁၂၈.၆ သန်း / ယူရို ၁၅၀ သန်း အထိ တိုးမြှင့်ရမယ်လို့ ESPN သတင်းက ဆိုပါတယ်။
တစ်ဖက် မှာလည်း ဘဏ္ဍာရေး အကျပ်အတည်း တွေ့နေတဲ့ ဘာစီလိုနာ အသင်းဟာ မန်ချက်စတာယူနိုက်တက် ဗဟိုခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ နှစ်ကြိမ် တက်ဖူးသူ မာတီနက်ဇ် အတွက် ဘာစီလိုနာ အနေနဲ့ ပေါင် ၃၄.၃ သန်း / ယူရို သန်း ၄၀ ပေးချေရမှာ ဖြစ်ပါတယ်။

အာဆင်နယ် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီဟာ ဘရူနို ဂီမာရေးစ် အာဆင်နယ်ဆီ ရောက်ရှိလာတော့မှာ ဖြစ်လို့ အနာဂတ် မရေမရာ ဖြစ်နေပါတယ်။ ရီးရဲလ်မက်ဒရစ် ကလည်း နောက်ထပ် ပရီးမီးယားလိဂ် ကွင်းလယ်လူ ရိုဒရီကို မရခဲ့ရင် ဇူဘီမန်ဒီကို ထိပ်တန်း အစားထိုး ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ ဇူဘီမန်ဒီ ကိုယ်တိုင် ကလည်း အသင်းပြောင်းဖို့ ကြိုးပမ်းနေပြီး ရီးရဲလ်နဲ့ ဘာစီလိုနာတို့ထံ ဆက်သွယ်ဖို့ အေးဂျင့်တွေကို ညွှန်ကြားထားကြောင်း El Nacional က ဖော်ပြထားသလို၊ ရီးရဲလ်ဆိုစီဒက် ဘီ အသင်းမှာ သူ့ရဲ့ နည်းပြဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဇာဘီ အလွန်ဆို ဦးဆောင်နေတဲ့ ချဲလ်ဆီး အသင်း ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လိုက်ပ်ဇစ်နဲ့ ကစားသမား ယန် ဒီယိုမန်ဒီ အပြောင်းအရွှေ့ အတွက် အာမခံကြေး ပြောင်းရွှေ့ကြေူ ယူရို ၁၂၅ သန်း နဲ့ ဆုကြေးတွေ အပါအဝင် စုစုပေါင်း ယူရို ၁၄၀ သန်း အထိ ရှိလာနိုင်တဲ့ သဘောတူညီမှု တစ်ခုဆီ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
နယူးကာဆယ် အသင်းက နစ်ခ် ဝေါလ်တီမာဒါကို ပေါင် ၅၅.၇ သန်း / ယူရို ၆၅ သန်း ဝန်းကျင် ရရင် ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ မန်ယူနိုက်တက်နဲ့ လစ်ဗာပူးလ်တို့ သတင်းထွက်နေပေမယ့် အက်စတွန်ဗီလာ၊ အက်တလက်တီကိုမက်ဒရစ်နဲ့ ဒေါ့မန် တို့က ပိုမို ရေပန်းစားနေပါတယ်။
တော့တင်ဟမ်ဟော့စပါး အသင်းခေါင်းဆောင် ခရ္စတီယန် ရိုမီယို အတွက် အက်တလက်တီကိုမက်ဒရစ်က ပေါင် ၂၅.၇ သန်း / ယူရို သန်း ၃၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
မန်စီးတီး အသင်းဟာ မာဆေးလ် အသင်းရဲ့ ဂိုးသမား ဂျီရိုနီမို ရူလီကို ဂျိမ်းစ် ထရက်ဖို့ဒ်ရဲ့ နေရာမှာ ဒွန်နာရမ်းမားရဲ့ အရန် ဂိုးသမား အဖြစ် ခေါ်ယူဖို့ အပြီးသတ် အဆင့်ကို ရောက်ရှိနေပါတယ်။
တော့တင်ဟမ်ဟော့စပါး အသင်းရဲ့ လူငယ်ကြယ်ပွင့် မစ်ကီ မောဟာ အက်ဖ်စီ ကိုလုံး အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။
ရီးရဲလ်မက်ဒရစ် ကနေ ဖီအိုရင်တီးနားဆီ အငှားနဲ့ သွားရောက်မယ့် ဖရန်ကို မက်စတန်တူအိုနိုရဲ့ လစာ ထက်ဝက်ကို ဖီအိုရင်တီးနားက ပေးချေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် သို့မဟုတ် ယူရိုပါလိဂ် ဝင်ခွင့်ရရင် ၂၀၂၇ နွေရာသီ အထိ အငှားသက်တမ်း တိုးမြှင့်နိုင်မယ့် အခွင့်အရေးလည်း ပါဝင်ပါတယ်။
ဘာစီလိုနာဟာ အဲလ်ဟီလာ အသင်းနဲ့ ကြေးမတည့်သေးပေမယ့် ယာအို ကန်ဆယ်လိုကို ရရှိလိမ့်မယ်လို့ အပြည့်အဝ ယုံကြည်နေပါတယ်။
အက်စတွန်ဗီလာနဲ့ အက်တလက်တီကိုမက်ဒရစ် တို့ဟာ မက်တေယို ရူဂါရီ အတွက် ဒေါ်လာ ၂၀.၈ သန်း အပြင် ထပ်ဆောင်းကြေး ဒေါ်လာ ၆.၉ သန်းနဲ့ သဘောတူညီမှု ရရှိထားပါတယ်။ ဒါပေမယ့် ကစားသမား ကိုယ်တိုင်က အင်္ဂလန်မြေဆီ ပြောင်းရွှေ့ဖို့ သဘောမတူသေးတာကြောင့် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


