နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ဗင်နီးစီးယပ်စ်ရဲ့ ကမ္ဘာ့အဆင့်ဂိုးနဲ့ ပွဲသိမ်းခါနီး အလစ်ဆန်ရဲ့ လက်စွမ်းပြမှုကြောင့် သရေ တစ်မှတ် ရခဲ့တဲ့ ဘရာဇီးလ် | ကမ္ဘာ့ဖလား

နာမည်ကြီး ဘရာဇီးလ် ကတော့ မော်ရိုကိုနဲ့ ၁-၁ သရေကျကာ ကမ္ဘာ့ဖလား ပွဲဦးထွက်မှာ သရေ တစ်မှတ်သာ ရယူနိုင်ခဲ့ပါတယ်။ မော်ရိုကိုဟာ ပွဲအစမှာတင် ဘရာဇီးလ်ရဲ့ လျော့တိလျော့ရဲ ခံစစ်ကို အကောင်းဆုံး အသုံးချပြီး ဆိုင်ဘာရီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့် ဗင်နီးစီးယပ်စ်ရဲ့ သွင်းဂိုးနဲ့ အတူ ပွဲပြီးခါနီး ဂိုးသမား အလီဆွန်ရဲ့ လက်စွမ်းပြ ကယ်တင်မှုတွေကြောင့် နည်းပြ ကာလို အန်ဆယ်လော့တီရဲ့ ပထမဆုံးသော ကမ္ဘာ့ဖလား ပွဲစဉ်ဟာ အရှုံးနဲ့ မရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

မော်ရိုကို အသင်းဟာ ပွဲစကတည်းက ဘရာဇီးလ်ကို ဖိအားပေး ကစားခဲ့ပြီး ပထမ ၁၀ မိနစ် အတွင်း မှာတင် ကန်ချက် ၅ ကြိမ်၊ ဘရာဇီးလ်က ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း အဆိုပါ ကန်ချက်တွေက ဂိုးသမား အလီဆွန် ကိုတော့ မစမ်းသပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ပွဲချိန် ၂၁ မိနစ် မှာတော့ အန်ဆယ်လော့တီရဲ့ ခံစစ်တန်း အထိုးနှက်ခံလိုက်ရပါတယ်။ ဘရာဟင်မ် ဒီးယက်ဇ်ရဲ့ လှပတဲ့ ဖောက်ထွက် ပေးပို့မှုက တစ်ဆင့် ဆိုင်ဘာရီက ဗဟိုနောက်ခံလူတွေ အကြား ရရှိလာတဲ့ နေရာလွတ် ကနေ တစ်ဆင့် ရှေ့ကို တိုးထွက်လာတဲ့ ဂိုးသမား အလီဆွန်ရဲ့ ခေါင်းပေါ် ကနေ ကျော်ကာ လှလှပပ ချစ်ပ် ကန်သွင်းပြီး ဦးဆောင်ဂိုး ရယူခဲ့တာပါ။

အဲဒီနောက် မကြာမီမှာပဲ အာချရက်ဖ် ဟာကီမီက ဘရာဇီးလ်ရဲ့ လျော့ရဲနေတဲ့ ခံစစ်ကို ဒုတိယအကြိမ် ထပ်မံ အပြစ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ သူ့ရဲ့ မြေစိုက်ကန်ချက်က ဂိုးတိုင်ဘေး ကနေ သီသီလေး လွဲချော်သွားခဲ့ပါတယ်။ ပွဲချိန် ၃၂ မိနစ် မှာတော့ ဗင်နီးစီးယပ်စ်က ဘရာဇီးလ် အသင်းကို ချေပဂိုး ပြန်လည် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ သူဟာ စည်းအတွင်းထဲကို ဆွဲဝင်ပြီး မော်ရိုကို ဂိုးသမား ယာဆင်း ဘိုနို ဘာမှမတတ်နိုင်မယ့် ပြင်းထန် လှပတဲ့ ကန်ချက်နဲ့ အတူ သူ့ရဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် ပွဲ ၅၀ ပြည့်ပွဲကို အလန်းစား ဂိုးနဲ့ ဖြတ်သန်းခဲ့ပါတယ်။

ပထမပိုင်း မပြီးခင်မှာ လူးကပ်စ် ပက်ကေးတာရဲ့ ဘယ်ဘက်ခြမ်းက ဖြတ်တင်ဘောကတစ်ဆင့် နောက်ပြန် Volley ကန်ချက်နဲ့ ဘရာဇီးလ်ကို ဦးဆောင်ဂိုး ရယူပေးနိုင်မယ့် အခွင့်အရေး ရခဲ့ပေမဲ့ ဂိုးသမား ဘိုနို က အမိအရ ပုတ်ထုတ် ကာကွယ်သွားခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ပွဲက အနည်းငယ် အေးသွားခဲ့ပြီး ဘရာဇီးလ်က ပွဲပြီးခါနီးမှာ ဖိအားပေး ကစားခဲ့ပေမယ့် နည်းပြ မိုဟာမက် အိုအာဘီရဲ့ မော်ရိုကို ခံစစ်က ကြံ့ကြံ့ခံ ကစားသွားခဲ့လို့ အခွင့်အရေး သိပ်မရခဲ့ပါဘူး။

ဘရာဇီးလ် အသင်းဟာ ကမ္ဘာ့ဖလား ပွဲဦးထွက်တွေမှာ အမြဲတမ်း ခြေစွမ်းပြလေ့ ရှိတဲ့ အသင်းပါ။
ဘရာဇီးလ်ကို ခြေစွမ်း အသာနဲ့ ကစားပြီး တစ်မှတ် ရအောင် ယူပြခဲ့တဲ့ မော်ရိုကို

ပွဲပြီးခါနီး မှာတော့ မော်ရိုကို တို့ကပဲ အနိုင်ဂိုးရဖို့ ပိုမိုနီးစပ်ခဲ့ပြီး နေးလ် အယ်လ် အိုင်နာအူယီရဲ့ အဝေး ကန်ချက်နဲ့ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို အိုင်ယွဘ် အာမိုင်မူနီရဲ့ ထပ်ဆင့်ပိတ် ကန်ချက် တို့ကို ဂိုးသမား အလီဆွန် က ဆက်တိုက်ဆိုသလို အံ့မခန်း လက်စွမ်းပြ နှစ်ကြိမ်ဆက် ကာကွယ်သွားခဲ့လို့သာ ဘရာဇီးလ်တို့ သရေ တစ်မှတ်ကို ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ် အသင်းဟာ ကမ္ဘာ့ဖလား ပွဲဦးထွက်တွေမှာ အမြဲတမ်း ခြေစွမ်းပြလေ့ ရှိတဲ့ အသင်းပါ။ သူတို့ဟာ ၁၉၈၂ ခုနှစ်ကတည်းက ကမ္ဘာ့ဖလားတိုင်းမှာ အုပ်စုပထမနဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သလို၊ ၁၉၃၄ ခုနှစ် ကတည်းက ကမ္ဘာ့ဖလား ပွဲဦးထွက် ပွဲစဉ်တွေမှာ ရှုံးနိမ့်ဖူးခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် မော်ရိုကို အသင်း ကတော့ ဘရာဇီးလ်ကို အကြောက်အလန့် မရှိ တုန့်ပြန် ကစားခဲ့ပြီး ပွဲအစမှာတင် ကန်ချက် ၄ ကြိမ် အထိ အရင် ပြုလုပ်နိုင်ခဲ့သလို၊ ဒါဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ၁၉၆၆ နောက်ပိုင်း ဘရာဇီးလ် အသင်း အနေနဲ့ ပထမဆုံး ၁၀ မိနစ် အတွင်း ပြိုင်ဘက်ရဲ့ ကန်ချက် ၅ ကြိမ်အထိ ရင်ဆိုင်ခဲ့ရတဲ့ ဒုတိယမြောက် ပွဲစဉ်လည်း ဖြစ်လာခဲ့ပါတယ်။

အမှန်စင်စစ် မော်ရိုကိုဟာ ပထမ မိနစ် ၃၀ အတွင်းမှာတင် ကန်ချက် ၁၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပြီး၊ ဒါဟာ ဘရာဇီးလ် အသင်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၆ ပွဲလုံးမှာ ပေးခဲ့ရတဲ့ ကန်ချက်တွေထက် ပိုမိုများပြားခဲ့တာပါ။ ဒါပေမယ့် အဲဒီနောက်ပိုင်း မှာတော့ မော်ရိုကိုတို့ အခွင့်အရေး နည်းပါးသွားခဲ့ပြီး ပွဲချိန် ၉၉ မိနစ်ကျမှသာ နောက်ထပ် ကန်ချက် ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတော့တယ်။

ဗင်နီးစီးယပ်စ် ကတော့ သူ့ရဲ့ အခန်းကဏ္ဍကို အကောင်းဆုံး ခြေစွမ်းပြသွားခဲ့ပြီး ဘရာဇီးလ် အတွက် ၁၀ ဂိုးမြောက် သွင်းဂိုးကို ရယူနိုင်ခဲ့ကာ အဲဒီထဲက ၃ ဂိုးကို အမေရိကန်မြေပေါ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ ဂိုးသွင်းရင် ဘရာဇီးလ် အသင်း ၁၀၀ ရာခိုင်နှုန်း အမြဲနိုင်လေ့ ရှိတဲ့ မှတ်တမ်းကောင်း ကတော့ (ယခင် ၈ ပွဲစလုံး နိုင်ခဲ့ပြီး) အခုပွဲမှာ သရေကျခဲ့လို့ ရပ်တန့်သွားခဲ့ရပါတယ်။

နေမာ အနေနဲ့ အသင်း အတွက် ပါဝင်ကစားပေးဖို့ ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ အချိန်မှာ ဗင်နီးစီးယပ်စ်ဟာ အသင်းရဲ့ အဓိက အားကိုးရမယ့် ကစားသမား ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပေမယ့်၊ မော်ရိုကို အသင်းက အုပ်စု ပထမနေရာ အတွက် ခြိမ်းခြောက်လာနိုင်တာကြောင့် နည်းပြ အန်ဆယ်လော့တီ အနေနဲ့ အသင်းကို ပြင်ဆင်စရာတွေ အများကြီး ရှိနေဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်