ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာရဲ့ စာချုပ် သက်တမ်းဟာ ၂၀၂၇ ခုနှစ် ဇွန်လမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါအချိန်မှာ လာလီဂါ ကလပ်မှာ သူ့ရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေပြီး ကောလာဟလတွေလည်း တောက်လျောက် ထွက်နေပါတယ်။
အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဗင်နီးစီးယပ်စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံး နှစ်ထဲကို ဝင်ရောက်လာနေပြီ ဖြစ်ပေမယ့် လောလောဆယ် မှာတော့ ကလပ် အသင်း အရေးကို အာရုံမစိုက်ထားဘူးလို့ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ လာလီဂါ ကလပ်နဲ့ လက်ရှိ စာချုပ်ဟာ ၂၀၂၇ ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကလပ် အသင်း အများအပြား ကလည်း ဒီတိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီလို့ သတင်းထွက်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီ အတွင်း လာလီဂါ ကစားသမားတွေ ထဲမှာ ကီလီယန် အမ်ဘာပေး (၄၂ ဂိုး) နဲ့ လာမင်း ယာမယ် (၂၄ ဂိုး) တို့ နှစ်ဦးသာ ဗင်နီးစီးယပ်စ် (၂၂ ဂိုး) ထက် ပြိုင်ပွဲစုံ သွင်းဂိုး ပိုမိုများပြားခဲ့တာပါ။ ရီးရဲလ်မက်ဒရစ် အသင်း အတွင်း မှာတော့ အာဒါ ဂူလာ (၁၄ ကြိမ်) နဲ့ ဖက်ဒရီကို ဗယ်လ်ဗာဒီ (၁၃ ကြိမ်) တို့သာ ဗင်နီးစီးယပ်စ် (၁၀ ကြိမ်) ထက် ဂိုးဖန်တီးမှု ပိုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးပါဝင် ပတ်သက်မှု စုစုပေါင်း (၃၂) ကြိမ်နဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာဟာ အမ်ဘာပေး (၄၈ ကြိမ်) ပြီးရင် အသင်းရဲ့ ဒုတိယ အကောင်းဆုံး အဖြစ် ရပ်တည်နေပါတယ်။
ဒါ့အပြင် ဗင်နီးစီးယပ်စ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ တစ်ကိုယ်တော် ထိုးဖောက် ဆွဲပြေးမှု (Dribbles) အများဆုံး ကြိုးပမ်းသူ (၃၀၄ ကြိမ်) နဲ့ အောင်မြင်မှု အများဆုံးသူ (၁၂၃ ကြိမ်) လည်း ဖြစ်ပါတယ်။ လာလီဂါ တစ်ခုလုံး မှာတော့ လာမင်း ယာမယ် (အောင်မြင်မှု ၂၂၅ ကြိမ် / ကြိုးပမ်းမှု ၄၂၃ ကြိမ်) တစ်ဦးတည်းသာ သူ့ထက် ပိုမိုသာလွန်တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားတာပါ။

ရီးရဲလ်မက်ဒရစ် အသင်းဟာ (၂) ရာသီဆက်တိုက် ဖလားလက်မဲ့ဖြစ်ခဲ့ရသလို၊ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီကလည်း နည်းပြအပြောင်းအလဲ ဖြစ်ခြင်း၊ ကစားသမားအချင်းချင်း ကိုယ်ထိလက်ရောက် ရန်ပွဲများဖြစ်ပွားခြင်း တို့နဲ့ ရှုပ်ထွေးပွေလီခဲ့တာကြောင့် ဗီနီစီးယပ်စ်အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ ဖြစ်လာနိုင်ပါတယ်။
မန်ချက်စတာစတီးနဲ့ မန်ချက်စတာယူနိုက်တက် နှစ်သင်းစလုံးက ဒီ ဘရာဇီးလ် တောင်ပံ ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပေမဲ့ ဗင်နီးစီးယပ်စ်ရဲ့ အာရုံစိုက်မှု ကတော့ လောလောဆယ်မှာ တခြားနေရာဆီ ရောက်ရှိနေပါတယ်။
ဗင်နီးစီးယပ်စ်က “အခုအချိန်မှာ ကျွန်တော် နိုင်ငံတော် အသင်း အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ ပတ်သက်သမျှ အရာအားလုံး ကိုတော့ ကမ္ဘာ့ဖလား အပြီးမှပဲ ကျွန်တော် ဆွေးနွေးသွားမှာပါ။ ကျွန်တော်ဟာ ကစားသမား ဘဝရဲ့ အထူးခြားဆုံးနဲ့ အရေးအကြီးဆုံး အချိန်ကို ရောက်ရှိနေတာပါ။ ရုပ်ပိုင်းဆိုင်ရာရော နည်းစနစ်ပိုင်း မှာပါ ကျွန်တော် အမြဲတမ်း အိမ်မက်မက်ခဲ့ရတဲ့ အဆင့်အတန်း တစ်ခုကို ရောက်နေပါတယ်။”
“ဒီရာသီမှာ ကျွန်တော် ဘာဒဏ်ရာမှ မရခဲ့ပါဘူး။ ဒီအခြေအနေကို ရောက်ရှိလာဖို့ အတွက် ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်” လို့ ၎င်းက ဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။
လက်ရှိမှာ ဗင်နီးစီးယပ်စ် ဂျူနီယာရဲ့ ဘရာဇီးလ်ဟာ ကမ္ဘာ့ဖလား အုပ်စု C မှာ မော်ရိုကို၊ ဟေတီ၊ စကော့တလန် တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


