မိုဟာမက် ဆာလာ ကတော့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် လစ်ဗာပူးလ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ် နောက်ဆုံးနှစ်ကို လက်လွှတ်ပြီး အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ဒီနွေရာသီမှာ စာချုပ်ဖျက်သိမ်းဖို့ အတွက် လစ်ဗာပူးလ်နဲ့ ဆွေးနွေးမှုတွေကို ဆာလာ ကိုယ်တိုင်က အရင်ဆုံး စတင် ကမ်းလှမ်းခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
ဆာလာဟာ ပြီးခဲ့တဲ့ နွေရာသီကမှ အသင်းနဲ့ နှစ်နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပေမယ့် လက်ရှိ ရာသီကုန် မှာတော့ များပြားတဲ့ လုပ်ခလစာတွေ ရရှိမယ့် အဆိုပါ စာချုပ်ရဲ့ နောက်ဆုံး (၁၂) လ သက်တမ်းကို စွန့်လွှတ်ပြီး အသင်း ကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပေါင်နောက်ကြော ဒဏ်ရာကြောင့် ဆာလာ အနေနဲ့ အန်ဖီးလ်ကွင်းမှာ သူ့ရဲ့ နောက်ဆုံး ပွဲစဉ်ကို ကစားပြီးသွားခဲ့ပြီလို့တောင် ဆိုနိုင်ပါတယ်။
The Times သတင်းစာရဲ့ ဖော်ပြချက်အရ ဆာလာဟာ နည်းပြ အာနေး ဆလော့တ် အောက်မှာ ဆက်လက် လက်တွဲဖို့ ဆန္ဒမရှိတော့တာကြောင့် လစ်ဗာပူးလ် အသင်းနဲ့ စာချုပ်ဖျက်သိမ်းရေး ကိစ္စကို သူကိုယ်တိုင် စတင် တင်ပြခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းက ၃ ပွဲ ဆက်တိုက် လူစားလဲ အရန်ခုံမှာ ထိုင်ခဲ့ရပြီး နောက်မှာ ဆာလာဟာ နည်းပြ ဆလော့တ်ကို လူသိရှင်ကြား ဝေဖန်ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်က ဆာလာက သူ့ကို အသင်း ကနေ ထွက်ခွာအောင် ဖိအားပေးခံနေရကြောင်းနဲ့ လစ်ဗာပူးလ်ရဲ့ ရာသီ အစ ရလဒ်ဆိုးဝါးမှုတွေ အတွက် သူကို ဓားစာခံလုပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီ ပြဿနာ ကပဲ ဆာလာကို အသင်း ကနေ ထွက်ခွာချင်စိတ် ဖြစ်ပေါ်စေခဲ့တာပါ။
နည်းပြ ဆလော့တ် ကတော့ ဆာလာ ထွက်ခွာမှုဟာ သူ့ကို “မကောင်းတဲ့လူ” လို့ သတ်မှတ်ကြတာကို ဂရုမစိုက်ကြောင်း ဝန်ခံထားပေမယ့်၊ ဆာလာဟာ ယခင် နည်းပြဟောင်း ယာဂန် ကလော့ပ် လက်ထက် မှာလည်း အသင်း ကနေ ခဏခဏ ချန်လှပ်ခံခဲ့ရဖူးတာကို ထောက်ပြပြီး သူ့မှာ တာဝန်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။
ဆာလာဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်း လစ်ဗာပူးလ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သလို အသင်း သမိုင်းတစ်လျှောက် အကောင်းဆုံး စာရင်း မှာလည်း ထိပ်ဆုံးက ပါဝင်နေသူ ဖြစ်ပါတယ်။ ဒါကြောင့် ဆာလာကို လက်လွှတ်ဖို့ ဆုံးဖြတ်ချက်ဟာ လွယ်လွယ်ကူကူ ချမှတ်ခဲ့တာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နွေရာသီမှာ ဆာလာရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည် အလွန်ကောင်းမွန်ခဲ့တာကြောင့် လစ်ဗာပူးလ် ဘက်က သူ့ကို နှစ်နှစ်စာချုပ်ချုပ်ဆိုဖို့ အဆင်သင့်ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ (၁၂) လ အတွင်း အခြေအနေတွေက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး အသင်း ဘက်ကလည်း မလွှဲမရှောင်သာ ဆုံးဖြတ်ချက်ချခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိရာသီ စတင်ကတည်းက လစ်ဗာပူးလ် အသင်း အတွင်း အခြေအနေတွေ မကောင်းဘူး ဆိုတာ သိသာခဲ့ပါတယ်။ ကံကောင်းလို့ ရခဲ့တဲ့ နိုင်ပွဲဆက်မှုတွေ ရပ်တန့်သွားချိန်မှာတော့ ဆာလာရဲ့ ခြေစွမ်း အပေါ် စိုးရိမ်မှုတွေ ချက်ချင်း ထွက်ပေါ်လာခဲ့ပါတယ်။

လစ်ဗာပူးလ်ရဲ့ ရုန်းကန်နေရမှုတွေ အတွက် သူ့အပေါ် မတရား ဝေဖန်နေကြတယ်လို့ ဆာလာ့က ခံစားနေရပါတယ်။ တကယ်တော့ အသင်းရဲ့ တခြားကစားသမားတွေ ဟာလည်း ဝေဖန်မှုတွေနဲ့ ကင်းလွတ်သူတွေတော့ မဟုတ်ပါဘူး။ ဒီရာသီ အသင်းမှာ ဒေါမနစ်ခ် ဆိုဘို့ဇ်ဆလိုင်း တစ်ဦးတည်းသာ ချီးကျူးခံရဖို့ ထိုက်တန်တယ်လို့တောင် ပြောရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဆာလာ အတွက် ကံမကောင်းတာက ၎င်းကို တိုင်းတာတဲ့ စံနှုန်းတွေက တခြားသူတွေနဲ့ မတူတာပဲ ဖြစ်ပါတယ်။ ၎င်းရဲ့ စာချုပ်အသစ်အရ တစ်ပတ် လုပ်ခ လစာဟာ ပေါင် ၄၀၀,၀၀၀ ခန့် ရှိနေပြီး ဒါဟာ ပရီးမီးယားလိဂ်မှာ အလွန်မြင့်မားတဲ့ ပမာဏ ဖြစ်ပါတယ်။ ဒီလောက်အထိ အကုန်အကျခံထားရတဲ့ အတွက် ပြီးခဲ့တဲ့ရာသီက ဆာလာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်မျိုးကို အသင်းက လိုလားတာ ဖြစ်ပေမယ့် ဒီရာသီ မှာတော့ ဘာမှ မြင်တွေ့ရခြင်း မရှိပါဘူး။
အကယ်၍ ဆာလာဟာ ၂၀၂၄-၂၅ ရာသီကလို ခြေစွမ်းမျိုး မပြနိုင်တော့ဘူး ဆိုရင်၊ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း တစ်ဦးတည်းကသာ သာလွန်တဲ့ အဆိုပါ လုပ်ခ လစာပမာဏကို လစ်ဗာပူးလ် အနေနဲ့ ဆက်ပေးဖို့ အကြောင်းပြချက် မရှိတော့ပါဘူး။ ဒီလို ဆုံးဖြတ်ချက်ချရာမှာ ဘဏ္ဍာရေး အခြေအနေက အဓိက ဖြစ်သလို လူမှုရေးအရထောက်ထားမှုတွေလည်း ပါဝင်ပါတယ်။ ဆာလာဟာ လစ်ဗာပူးလ်ကို ထိပ်တန်း အဆင့် ပြန်ရောက်အောင် အဓိက ကူညီခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ သမိုင်းဝင် ကစားသမား တစ်ဦး အဖြစ် အမြဲအမှတ်ရနေကြမှာပါ။ ဒါကြောင့် ဆာလာက မပျော်ရွှင်တော့ဘူးလို့ ပြောလာတဲ့ အခါ အသင်း အနေနဲ့ နားထောင်ပေးဖို့ လိုအပ်လာပါတယ်။
ဒီနေရာမှာ အဆုံးသတ်ချင်ပြီ ဆိုတဲ့ ဆာလာရဲ့ ဆန္ဒကို သိလိုက်ရတဲ့အခါ တစ်ခုခု ပြောင်းလဲဖို့ လိုအပ်ပြီ ဆိုတာ လစ်ဗာပူးလ် နားလည်သွားပါတယ်။ နည်းပြ အာနေး ဆလော့တ်ကို ရာထူးက ထုတ်ပယ်ပြီး ကစားသမား တစ်ဦးရဲ့ အလိုကို လိုက်မယ့် အစား၊ ပြီးတော့ အသက် ၃၄ နှစ် ပြည့်တော့မယ့်၊ ခြေစွမ်း ကျဆင်းနေနိုင်တဲ့ ကစားသမား တစ်ဦးကို စံချိန်တင် လစာတွေ ဆက်ပေးနေမယ့် အစား၊ ဆာလာရဲ့ ဆန္ဒ အတိုင်း စောစောစီးစီး လမ်းခွဲပေးဖို့ ဆိုတဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို လစ်ဗာပူးလ်က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


